ရန်ကုန် ၊ ဇူလိုင် ၊ ၂၀၂၀။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် မြန်မာ့စီးပွားရေးကို ကြီးမားစွာထိုးနှက်ခဲ့ပြီး မှတ်ကျောက်တင် စမ်းသပ်ခံရမည့် အခြေအနေတစ်ခုအဖြစ် ရောက်ရှိစေခဲ့သည်။ ယင်းအကျိုးဆက်ကြောင့် ပို့ကုန်ကဏ္ဍများအပေါ် ထိခိုက် သက်ရောက်မှုအား မြန်မာကိုဗစ်-၁၉ကပ်ရောဂါ အကျိုးဆက်စစ်တမ်းဖြင့် လေ့လာဖော်ထုတ်ထားသည်။ မြန်မာဈေးကွက်သုတေသနအသင်း (MRA) သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ITC) နှင့် ပူးပေါင်း၍ အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ ၏ ဦးစားပေးကဏ္ဍ ၁၂ခု ထဲတွင် ထဲထဲဝင်ဝင်လုပ်ကိုင် နေကြသော ပို့ကုန်လုပ်ငန်းရှင် ၃၀၀ ခန့်အား စစ်တမ်းကောက်ယူခဲ့သည်။ ဤအစီအရင်ခံစာသည် ကဏ္ဍ တစ်ခုချင်းစီအလိုက် အကျိုးဆက်များကို ဖော်ထုတ်ကာ ခြုံငုံသုံးသပ်ထား၍ ထိုကဏ္ဍများအား သက်သာလျှော့ပေါ့ ခွင့်ပြုနိုင်မည့် ရွေးချယ်စရာများနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် အကြံပြုချက်များကို တင်ပြထားသည်။
Continue reading “မြန်မာ ကိုဗစ်-၁၉ ကပ်ရောဂါ အကျိုးဆက်စစ်တမ်း ၊ ပို့ကုန်ကဏ္ဍများ ပြင်းထန်စွာထိုးနှက်ခံရ”