
၂၀၁၉ ခုနှစ် ကုန်လွန်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရောက်တဲ့ နှစ်သစ်မှာ ပြီးခဲ့တဲ့ နှစ်ဟောင်းရဲ့ စီးပွားရေး အခြေအနေကို ပြန်လည်သုံးသပ်ရင်း ၂၀၂၀ ပြည့်နှစ်သစ်ရဲ့ အလားအလာကိုလည်း ဖော်ထုတ်ပေးလိုပါတယ်။
၂၀၁၉ ခုနှစ် စီးပွားရေးအခြေအနေ
၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားငွေလဲနှုန်း အလွန်အမင်း မြင့်တက်ပြီး၊ ကျပ်ငွေတန်ဖိုး ၃၀ % ကျဆင်းကာ စီးပွားရေး မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ စီးပွားရေး အနည်းငယ် တည်ငြိမ်သယောင် ရှိပေမယ့် အကျမှာ ရှိနေပါတယ်။