အကြောင်းအရာ။ ။ ဈေးကွက်သုတေသနအသင်း(ရန်ကုန်)၏ သုတေသနဆိုင်ရာဗဟုသုတ ဝေမျှခြင်း အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း
၁။ ဈေးကွက်သုတေသနအသင်း (ရန်ကုန်) Market Research Association (Yangon) ၏ သုတေသနဆိုင်ရာ ဗဟုသုတဝေမျှခြင်း အခမ်းအနားသို့ ကြွရောက် ချီးမြှင့်ပါရန် ဖိတ်ကြားအပ်ပါသည်။ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသုတအောင် ၊ အတွင်းရေးမှူး မိမေဖြူဖြူစင်နှင့် အသင်းဝင် ဦးရဲဝင်းအောင် တို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆-၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ESOMAR APAC 2024 IGNITE Conference ကို တက်ရောက်ခဲ့ပြီး သုတေသနဆိုင်ရာ ဗဟုသုတ ဝေမျှခြင်း အခမ်းအနားတွင် ပါဝင် တင်ပြမည် ဖြစ်ပါသည်။
၂။ သုတေသနဆိုင်ရာ ဗဟုသုတ ဝေမျှခြင်း အခမ်းအနား အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ကျင်းပမည့် နေ့ရက် -၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် (စနေနေ့)
အချိန် – မွန်းလွဲ ၂း၀၀-၄း၀၀ နာရီ
လူကိုယ်တိုင် (သို့)Online (Zoom)ဖြင့် တက်ရောက်နိုင်ပါသည်။
RSVP – တက်ရောက်ရန် အသင်း၏ email: info@mrayangon.com(သို့) ဖုန်း 09 – 425030549 သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ရက် နောက်ဆုံးထား၍ဆက်သွယ်စာရင်းပေးပါရန် ပန်ကြားပါသည်။ တက်ရောက်ရန် စာရင်းသွင်းသူများကို Zoom Meeting Link ကို email ဖြင့် ပို့ပါမည်။
၃။ ဈေးကွက်သုတေသနအသင်း၏ သုတေသနဆိုင်ရာ ဗဟုသုတမျှဝေခြင်း အခမ်းအနားသို့ တက်ရောက်မည့် ပုဂ္ဂိုလ်များ နှင့် တက်ရောက်မည့်နည်းလမ်း ကို ပြန်ကြားပေးနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ပူးတွဲပါ – အခမ်းအနား ဖိတ်ကြားလွှာ, အခမ်းအနား အစီအစဉ် (၁)စောင်
ဦးအောင်မင်း
ဥက္ကဋ္ဌ