(၂၄-၁၀-၂၀၁၉) ရက်နေ့တွင် ရန်ကုန်မြို့ UMFCCI ၌ ကျင်းပပြုလုပ်သော ဈေးကွက် သုတေသနအသင်း (ရန်ကုန်)၏ ပထမအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အခမ်းအနား ကျင်းပခြင်းမှတ်တမ်းအပိုင်း (၂)

ဦးမျိုးဝင်းထွန်း (Senior Research Manager, MMRD) မှ ဈေးကွက်သုတေသနအသင်းရဲ့ ရှေ့ဆက် ဦးစားပေးဆောင်ရွက်သင့်သောဆောင်ရွက်မှုများနှင့် သတင်းအချက်အလက်များကို မည်သို့ဖြန့်ဖြူး ပေးစေချင်သည်ဆိုသည့် သဘောထားတောင်းခံသည့် အစီအစဉ်အား ဆက်လက်ပြုလုပ်ခဲ့ပါသည်။

ဉီးမျိုးဝင်းထွန်းက အခုဆက်လက်ပြုလုပ်မဲ့အစီအစဉ်လေးကတော့ ဈေးကွက်သုတေသနအသင်း အနေနဲ့ ရှေ့ဆက်လက်ပြီး ဘယ်လိုဆောင်ရွက်မှုမျိုးလေးတွေ ဦးစားပေးဆောင်ရွက်သင့်လဲ၊ ဘယ်လို သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးစေချင်သလဲဆိုတာကို ယခုအခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်သည်တော်တွေဆီက သဘောထားဆက်လက်တောင်းခံမယ့် အစီအစဉ်ပဲ ဖြစ်ပါ‌ကြောင်း၊ လူတိုင်းလူတိုင်းမှာ မိုဘိုင်းဖုန်းတွေကိုယ်စီရှိနေပြီ ဖြစ်တဲ့အတွက်ကြောင့် သုတေ သန ကဏ္ဍသာမကဘဲ ပညာရေးကဏ္ဍနဲ့ အခြားကဏ္ဍများမှာပါ Quick Survey လိုမျိုးလေးတွေ အလွယ် တကူလုပ်လို့ရတယ်ဆိုတဲ့ အကြောင်းလေးတွေကို အကြမ်းဖျင်းသရုပ်ပြ မိတ်ဆက် ပေးချင်တဲ့ သဘောလေးလဲ ပါပါကြောင်း၊ အခုအစီအစဉ်လေးအတွက်ကို အားလုံး၎င်းနဲ့ အတူ ဝိုင်းပြီးတော့ ပျော်ပျော်ပါးပါး ပါဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါကြောင်း၊ အဆင့်ဆင့်ဆောင်ရွက် သွားရ မယ့် အကြောင်း အရာတွေကို အခု powerpoint slides လေးများနဲ့ ရှင်းပြပေးပါဖြစ်ပါကြောင်း၊ ၎င်းနဲ့အတူတူ ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံဖိတ်ခေါ် အပ်ပါကြောင်းဉီးစွာ ပြောကြားခဲ့ ပါတယ်။

ယင်းနောက်မေးခွန်းတစ်ခုပြီးတိုင်း ဖြေဆိုသူများ၏ ဖြေကြားထားသော သဘောထားအမြင်များ ကို ရာခိုင်နှုန်းဖြင့် ချက်ချင်းဖော်ပြပေးခဲ့ပါသည်။ ၎င်းက အဖြေတွေကို ကြည့်ချင်းအားဖြင့် MRA အသင်းရဲ့ ဆက်လက် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို တက်ရောက်ခဲ့သူတွေရဲ့ အဖြေများနှင့် အတူ အမှုဆောင်အဖွဲ့အနေနဲ့ တစ်ခါတည်းသိရှိသွားတဲ့အတွက် သူတို့ ရှေ့ဆက်လက် ဆောင်ရွက် မယ့် လုပ်ငန်းစဉ်တွေ ချမှတ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားသွားဖို့ဖြစ်ပါကြောင်း၊ မေးသွားတဲ့ မေးခွန်းလေ တွေကတော့ အဓိကအချက်အနည်းငယ်ကိုမေးသွားတာဖြစ်ပါကြောင်း၊ ဒီထက်ပိုပြီး အကြံဉာဏ် ပေးချင်တယ်ဆိုရင် MRAအသင်းရဲ့ Website ဖြစ်တဲ့ mrayangon.com ကို ဆက်သွယ် ပြီးတော့ အကြံပြုပေးလို့ရပါကြောင်း၊ စစ်တမ်းမှာ အတူပါဝင်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင် ရှိပါကြောင်း ပြောကြားသွားခဲ့ပါသည်။

အွန်လိုင်းစစ်တမ်းမှာ အောက်ပါမေးခွန်းများမေးခဲ့ပါတယ်။

  1. How do you describe your awareness of the Market Research Association Website (mrayangon.com) or access to it? (Single Answer)
  1. Not aware of website
  2. Aware of website, but do not visit
  3. Have visited once/visit sometimes
  4. Regularly visit

2. What kind of activities do you think should Market Research Association prioritize within the next 6 months? (Multiple Answers, Maximum 3 answers)

  1. Dissemination of socioeconomic survey information and statistics
  2. Organizing of market research related seminars and workshops
  3. Conducting market research trainings
  4. Dissemination of research ethics
  5. Conducting Socioeconomic Standardization surveys

3. If you are to receive socioeconomic survey information how do you want it? (Single Answer)

  1. No need such information
  2. 50% discount for members
  3. Annual Subscription
  4. Adhoc Purchasing

4. If Market Research Association is to provide trainings, what kind of trainings should it prioritize most? (Single Answer)

  1. Data collecting methods and procedures
  2. Research methodology and research protocol (ethics)
  3. Info graphics and Data Visualization
  4. Qualitative Research
  5. Client-focused Training

5. Which of the following best describes your main business/sector? (Single Answer)

  1. Government Sector
  2. UN agencies/INGO/NGO
  3. Education
  4. Sales and Marketing
  5. Market Research
  6. Other Private Sector
  7. None of the above

6. Which of the following best describes your current position? (Single Answer)

  1. Business Owner
  2. Senior Management
  3. Academician/Consultant/Advisor
  4. Manager/Researcher
  5. Field manager/supervisor/interviewer
  6. Student
  7. Others
ဒေါ်မေမြတ်သူ (Media Research Services, Nielsen MMRD) မှ Myanmar Media Audiences ခေါင်းစဉ်နဲ့ ၂၀၁၉ ခုနှစ် Nationwide Survey မှကောက်ယူရရှိလာသော သတင်းအချက်အလက် များကို Highlights အနေနဲ့တင်ပြဆွေးနွေးပါသည်။

၎င်းက ဒီနေ့မှာ Myanmar Media Audiences ခေါင်းစဉ်နဲ့ ပြောပြသွားပါမှာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်မှာ လုပ်ထားတဲ့ Nationwide survey ကနေမှ ကောက်ယူရရှိ လာတဲ့ Information လေးတွေကို Highlight အနေနဲ့ ပြောပြသွားမှာဖြစ်ပါကြောင်း Presentation မှာ အပိုင်း ၃ ပိုင်း ပါပါကြောင်း၊ ပထမဆုံးက မြန်မာနိုင်ငံလူဉီးရေအကြောင်း၊ ဒုတိယက Potential Audiences တွေ ရော Major Audiences တွေက ဘယ်သူတွေဖြစ်မလဲ၊ မြန်မာနိုင်ငံအတွင်းမှာ ဖမ်းယူကြည့်ရှုနိုင် တဲ့၊ Access လုပ်နိုင်တဲ့ Media တွေက ဘာတွေလဲ၊ ပြီးတော့ Audiences တွေက ဘယ်လို Media မျိုးတွေကို သုံးနေသလဲ၊ နောက်ဆုံးအချက်ကတော့ တိုးတက်များပြားလာတဲ့ Media ၂ခုရဲ့ Highlightကို အသေးစိတ်ပြောပြမှာဖြစ်ပါကြောင်း၊ ပထမဦးစွာ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် အချက် အလက်များအရ လူဦးရေသန်းပေါင်း ၅၂.၃ သန်းရှိပါကြောင်း၊ လူဦးရေတိုးတက်မှုနှုန်း အနေနဲ့ ဆိုရင် ၁%အောက်ကို ရောက်နေကြောင်း၊ ၀.၈၉% လောက်ပဲရှိပါကြောင်း၊ ၂၀၁၈ နဲ့ ၂၀၁၉ခုနှစ် အတွင်းမြို့ကြီးတွေမှာ လူဉီးရေ ၁% တိုးလာတာကို တွေ့ရပါကြောင်း၊ အဓိကကတော့ ရွေ့ပြောင်း နေထိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ရွေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများတဲ့ ရန်ကုန်မြို့မှာ လာရောက်ပြီးအလုပ်လုပ်ကိုင်တဲ့အတွက် ရန်ကုန်ရဲ့ လူဉီးရေက တိုးလာ ပါကြောင်း၊ လူဉီးရေတိုးတက်မှုနှုန်းနဲ့ ကလေးမွေးဖွားမှုနှုန်းကို ကြည့်တဲ့အချိန်မှာ အခြား တိုင်းနဲ့ ပြည်နယ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ မွေးဖွားနှုန်းက အရမ်းနည်းပါးကြောင်း၊ ဒါပေ မယ့်လို့ ရန်ကုန်ရဲ့ လူဦးရေတိုးတက်မှုနှုန်းက အရမ်းမြင့်တာကိုတွေ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ်မှာ Nationwide survey နဲ့ကောက်ယူထားတဲ့ အချက်အလက်တွေအရ တစ်နိုင်ငံလုံးရဲ့ ၅၃%သော လူဦးရေတွေဟာ Mediaတစ်ခုခုကို တစ်လအတွင်းသုံးစွဲ၊ ကြည့်ရှု သို့မဟုတ် နားထောင်ပါ ကြောင်း။

နောက်ထပ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘယ်လို Media တွေကို ရယူသုံးစွဲနိုင် သလဲဆိုတာနဲ့ပတ်သက်လို့ ။ Television လိုင်းတွေရှိကြောင်း Radio Station တွေရှိကြောင်း၊ Print media ဖြစ်တဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေရှိကြောင်း၊ Billboard တွေ၊ Taxi တွေမှာ Sticker Arts တွေ ရှိကြောင်း၊ ရယူသုံးစွဲနိုင်တဲ့ Media နဲ့ ခုနတုန်းက စားသုံးသူတွေရဲ့ Media သုံးတဲ့အလေ့အကျင့်ကို ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် Print ကို ကြည့်တဲ့လူ တွေ၇၅% ရှိပါ ကြောင်း၊ ၂၀၁၈ အချက်အလက်နဲ့ နှိုင်းယှဉ် ကြည့်တဲ့အချိန်မှာ ၅% တက်လာတာကို တွေ့ပါ ကြောင်း၊ အဓိကကတော့ ၂၀၁၈ နှောင်းပိုင်းနဲ့ ၂၀၁၉ ထဲမှာ Digital Channel အသစ်တွေရဲ့ ဝင်ရောက်လာမှုတွေ၊ Network အချင်းချင်း ပြိုင်ဆိုင်မှုတွေကြောင့် Audiences တွေအနေနဲ့ Channel တွေ ရွေးချယ်ကြည့်ရှုလာနိုင်ပါကြောင်း၊ Radio Stations တွေကြည့်တဲ့အခါမှာ Radio တွေက ၂၀၁၈ နဲ့ယှဉ်ရင် ၂% လောက် ကျသွားတာကို တွေ့ရပါကြောင်း၊ Print Media မှာ ဆိုရင် တော့ လူ ၃ ယောက်မှာ ၁ ယောက်လောက်က Print ကို ဖတ်နေဆဲဆိုတာကို တွေ့နေရပါကြောင်း၊ Digital media အပိုင်းမှာတော့ ဖော်ပြထားတဲ့ Sites/Apps တွေကတော့ ကောက်လာတဲ့ Survey တွေအပေါ်မှာ အခြေခံပြီးတော့မှ တွက်ထားတာဖြစ်ပါကြောင်း၊ ဥပမာဆိုလျှင် Social media ၅ခု ရှိတဲ့အချိန်မှာ ထိပ်ဆုံး ၃ခုကို ပြောမယ်ဆိုရင် Facebook, Youtube, Instagram တို့ဖြစ်‌ကြောင်း၊ Communication Sites/Apps မှာလည်း Messenger, Viber, We-chat တို့ဖြစ်ကြောင်း။ Search Engine မှာတော့ Google က နံပါတ် ၁ ဖြစ်ကြောင်း၊ News Media Sites မှာဆိုရင်တော့ Eleven Media၊ DVB News၊ သစ်ထူးလွင်တို့ ရှိမှာဖြစ်ကြောင်း၊ ၂၀၁၈ နဲ့ ၂၀၁၉ ကို ယှဉ်ကြည့် လိုက်မယ် ဆိုရင်လဲ Internet သုံးစွဲမှုဟာ ၂% မြင့်လာတာကို တွေ့ရပါကြောင်း၊ Overall media Consumption ကို ကြည့်တဲ့အခါမှာ တီဗွီ Channel တွေနဲ့ All media တွေထဲမှာတော့ TV နဲ့ Internet ကတော့ သုံးစွဲမှုပိုများလာတဲ့Media ဖြစ်နေပါကြောင်း၊ တီဗီကြည့်ရှုမှုနှုန်းနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ်မှာ အမျိုးသားတွေရဲ့ တီဗီကြည့်ရှုမှုနှုန်းက ၆% ထိ တက်လာတာကို တွေ့ရပါကြောင်း၊ တီဗွီကို အဓိကကြည့်ရှုတဲ့ အသက်အရွယ်အုပ်စုကို ကြည့်ရင် ကျောင်းသားအရွယ်ဖြစ်တဲ့ ၁၀ နှစ်နဲ့ ၁၉ နှစ်ကြားများပါကြောင်း၊ တီဗွီမှာ အဓိက Highlight အနေနဲ့ ကြည့်မယ်ဆိုရင် TVကြည့်တဲ့ ပျမ်းမျှနာရီပေါင်းက မြင့်တက်နေဆဲဖြစ်ကြောင်း၊ မနှစ်က၂နာရီနဲ့ ၁၀ မိနစ်သုံးတဲ့အချိန်မှာ အခုဆို ရင် ၂ နာရီနဲ့ ၁၃ မိနစ်ကို တိုးပြီးကြည့်လာတဲ့အတွက် ၇၄%ထိ တက်လာတာကို တွေ့ရပါကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး Internet သုံးစွဲမှုနဲ့ပတ်သက်လို့အသေးစိတ်ကြည့်မယ်ဆိုရင် အဓိကစာပို့ဖို့ သုံးတာက ပိုများ ကြောင်း၊ အသက်အရွယ်အုပ်စုအရပြောရင်တော့ လူငယ်ပိုင်း အသက်၂၀ ကနေ ၃၉နှစ် အသက် အရွယ်ကြား ရှိတဲ့သူတွေက သုံးကြတာတွေ့ရပါကြောင်း၊ SEC အနေနဲ့ဆိုရင်တော့ Upper Class တွေက ပိုပြီးတော့ Internet သုံးတာကို တွေ့ရပါကြောင်း၊ ဒါပေမယ့် Internet သုံးစွဲတဲ့ ပျမ်းမျှ နာရီပေါင်းကို ကြည့်မယ်ဆိုရင် ၁နာရီနဲ့ ၁၃ မိနစ်ဖြစ်ပါကြောင်း၊ Smart phone ပိုင်တဲ့သူ ၅၃% ရှိပါကြောင်း၊ ဒါပေမဲ့ Internet သုံးစွဲမှုရာခိုင်နှုန်းက ၃၈% ဖြစ်ပါကြောင်း။ Smart phone ရှိပေမယ့်လဲ Internet မသုံးတဲ့သူ တွေ့ရပါကြောင်း၊ နောက်ဆုံးအနေနဲ့ Cyber Work Analysis နဲ့ TV Viewers နဲ့ Internet users ကို ပြန်ပြီးတော့ နှိုင်းယှဉ်ကြည့်တဲ့အချိန်မှာ Celebrity တွေ၊ Famous brand တွေကို ကြိုက်တဲ့သူတွေက TV နဲ့ Internet user တွေကြား တူညီမှုနီး ပါးရှိ ကြောင်း၊ Internet users တွေက ပိုပြီးတော့ Technology နဲ့ပတ်သက်လို့ ပိုပြီးတော့ Feedback လုပ်နိုင်ကြောင်း၊ gadget တွေ၊ Technology Product တွေပိုပြီးတော့ ကြိုက်ပါကြောင်း၊ သူတို့ တွေဆီကို လာပြီးတော့ အကြံဉာဏ်တောင်းတာတွေကို ကြိုက်ကြပါကြောင်းနဲ့ အခုပေးထားတဲ့ Information လေးတွေကိုတော့ Nielsen MMRD website.com ဖော်ပြထားတာ တွေ့ရပါ မယ်ဆိုတဲ့အကြောင်းနဲ့ Information တစ်ခုခုသိချင်တယ်ဆိုရင်လဲ ဆက်သွယ်၍ ရပါကြောင်းစ သဖြင့် ပြောကြား သွားခဲ့ ပါသည်။

ဒေါ်ခိုင်မြတ်သွယ်အောင် (Deputy Research Manager, MSR) မှ Myanmar Millennials and GenZ အကြောင်းကို ရှင်းလင်းတင်ပြသွားပါသည်။

၎င်းက ဒီနေ့မှာ Myanmar Millennials and GenZ အကြောင်းကို ပြောပြသွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာဆိုရင် စုစုပေါင်းလူဉီးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်ပါကြောင်း၊ Myanmar Millennials နဲ့ GenZ မပြောခင် သူတို့တွေရဲ့ အမူအကျင့်တွေက ဘယ်လိုမျိုးလဲ အထူးသဖြင့်ဆိုရင် သူတို့ Digital ပိုင်းဆိုင်ရာမှာ ဘယ်လို အမူအကျင့် တွေရှိ တယ်ဆိုတာနဲ့ ဒီလို Myanmar Millennials နဲ့ GenZ တွေကို ဘယ်လိုမျိုး ပါဝင်စေမလဲ၊ အခု ပြောင်းလဲနေတဲ့ Digital Movement တွေအပြင် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ တွေကြားမှာရော လူငယ်တွေအနေနဲ့ ဘယ်လိုမျိုး ခံစားနေရတယ်၊ သူတို့ဘာတွေကြုံတွေ့ နေလဲဆိုတာနဲ့ ပတ်သက် ပြီးတော့ အကြမ်းဖျဉ်း အကျဉ်းချုပ်ကို ဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊ Myanmar Millennials နဲ့ GenZ အကြောင်းကိုမသွားမီ ပိုပြီးတော့မြင်သာစေဖို့ အားလုံးသောလူဉီးရေရဲ့ ယေဘုယျအနေ အထားကို အရင်ဆွေးနွေးတင်ပြချင်ပါကြောင်း၊ မြန်မာ စားသုံးသူတွေ အနေနဲ့ Digital စနစ်ကို စတင်သုံးစွဲလာတဲ့နှုန်းဟာ အတော်လေးမြန်နေတာကို တွေ့ရပါကြောင်း၊ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကထဲက LGတို့၊ 4G တို့ကို စတင်လုပ်ဆောင်ခဲ့တဲ့ အတွက်ကြောင့် Internet သုံးစွဲရာမှာ ပိုပြီးတော့ မြန်လာတာမျိုးတွေရှိပါကြောင်း၊ အင်တာနက် သုံးစွဲခတွေကလည်း ထပ်ပြီးတော့ လျော့ကျလာ တဲ့အတွက်ကြောင့် ဒီ Digital Adaptation ကို ပိုပြီးတဲ့မြန်စေတဲ့ အချက်တွေလို့ သုံးသပ်ကြည့် လို့ရပါကြောင်း၊ Customer အတော်များများက Off-line service အတော်များများ ကို ကျော်လွှား လုပ်လာကြကြောင်း၊ ရှေ့မှာအသင်းဥက္ကဌရော၊ Johnရောပြောသွားသလိုပဲ Digital အသွင် ပြောင်း လဲလာကြောင်း၊ အဲ့ဒီလိုဖြစ်လာတဲ့အချိန်မှာ ရှိပြီးသား Off-line Service တွေကိုလွှား ပြီးတော့ သူတို့ရဲ့ Digital Equipment တွေကို အသုံးပြုလာကြတာကို မြင်ရကြောင်း၊ အရင်တုန်းက သတင်း စာတွေ၊ အခွင့်အလမ်းဂျာနယ်တွေထဲကနေပြီး အလုပ်အကိုင်တွေ ရှာရပါကြောင်း၊ နောက်ပိုင်းမှာ ဆိုရင် လူငယ်တွေက Facebook တို့လို Social Media Platform ပေါ်ကနေ Job Agency တင်ထားတဲ့ဟာတွေကို ကြည့်ကြောင်း၊ ဒီလိုနည်းလမ်းနဲ့ အခွင့်အရေးတွေကိုရှာဖွေ လာတာကို မြင်ရကြောင်း။

ယခုပြထားတာတွေက ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်မှာ ဒီ ၂ နှစ်၊ ၃ နှစ်အတွင်း မြင်ရတဲ့ အပြောင်းအလဲတွေဖြစ်ပါကြောင်း၊ Digital Activities တွေဟာ ကဏ္ဍမျိုးစုံတွေမှာ အများကြီး တိုးတက်လာတာကို မြင်ရပါကြောင်း၊ နောက်တစ်ခုက Streaming Services ဖြစ်တဲ့ Music, Video တို့ကိုလဲ Streaming လုပ်လာလို့ရပါ‌ကြောင်း၊ မြန်မာနိုင်ငံက လူတော်တော်များများ အထူး သဖြင့် ကျေးလက်မှာနေတဲ့ လူတွေအတွက်ပါ အရင်တုန်းက မရှိခဲ့ ဘူးတဲ့ အတွေ့အကြုံတွေကို အများကြီး လက်လှမ်းမီလာပါကြောင်း၊ သူတို့အတွက် Wide-ranging selection လဲရှိလာတယ် လို့လဲ ပြောလို့ရပါဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၇ နှစ်ဖြစ်တဲ့ ၂၀၁၂ ခုနှစ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၂ တုန်းက မြန်မာနိုင်ငံရဲ့ စားသုံးသူတွေအတော်များများဟာ Bank Account တွေဟာ မရှိ သလောက်ကို နည်းပါးကြောင်း၊ အခု ဒီနေ့မှာဆိုရင်တော့ စားသုံးသူ လေးပုံတစ်ပုံ လောက်က Mobile money service တွေနဲ့ အတွေ့အကြုံ ရှိလာတာကို မြင်ရပါကြောင်း၊ ဒါကလဲ နောက်ပိုင်း မှာ Mobile money service တွေ စတင်လုပ်ဆောင် လာတာ ကြောင့်လဲဖြစ်ပါကြောင်း၊ ရှေ့မှာ မမေမြတ်သူပြောသွားသလိုပဲ သမားရိုးကျ media တွေဖြစ်တဲ့ သတင်းစာတွေ၊ မဂ္ဂဇင်း တွေပေါ်မှာ သုံးတဲ့နှုန်းက တဖြည်းဖြည်းနဲ့ လျော့လာတာကို တွေ့ရပါကြောင်း၊ အရင်တုန်းက စိစစ်တည်းဖြတ် ခံထားရတဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေကပဲ သတင်းအချက်အလက် တွေကိုရကြောင်း၊ နောက်ပိုင်းမှာဆိုရင် Online ကနေပြီးတော့ သတင်းတွေကို ဖတ်တဲ့သူတွေက ၉၇%၊ Internet သုံးစွဲသူတွေက Social media ကနေ သတင်းတွေကို ဖတ်လာကြောင်း၊ Internet သုံးစွဲသူတွေက Social media ပေါ်မှာ၊ Internet platform တွေပေါ်မှာ သူတို့နဲ့ ဆက်ဆံပြောဆိုနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားဖို့ လိုလာကြောင်း၊ Digital Adaptation က ခုနက သာမန်လူတွေ ကြားမှာ မြင့်တာထက်ကို မြို့ပြမှာ နေတဲ့ လူငယ်တွေကြားထဲမှာ ပိုပြီးတော့ မြန်မြန် ဆန်ဆန် ဖြစ်နေတာကိုတွေ့ရပါကြောင်း၊ အသက် ၃၀ အောက် လူငယ်တွေဆိုရင် Digital media မှာ သူတို့က အမြင့်မားဆုံးလို့ပြောလို့ရပါကြောင်း၊ အားလပ်ချိန်အတော်များများကလဲ Online ပေါ်မှာပဲ အသုံးပြု လာကြတာကို တွေ့ရပါကြောင်း၊ Online မှာတင်မဟုတ်ဘဲ Fashion Trend အသစ်တွေ၊ ကုန်ပစ္စည်းအသစ်တွေ၊ ဝန်ဆောင်မှုအသစ် တွေနဲ့ ပတ်သက်ရင်လဲ Myanmar Millennials နဲ့ GenZ တွေကအများကြီး မြန်မြန်ဆန်ဆန်နဲ့ Adapt လုပ်နေတာကို တွေ့ရပါကြောင်း၊ ဒါကြောင့်မို့ Brands တွေဘက်ကကြည့်ရင် ဆွဲဆောင်မှုရှိတဲ့ Target တစ်ခုလို့ ပြောလို့ရပါကြောင်း၊ မမေမြတ်သူ ပြောသွားသလိုပဲ တီဗီ ကြော်ငြာတွေကိုလည်း သူတို့ကြည့်ကြကြောင်း၊ Social media မှာရှိတဲ့ ကြော်ငြာတွေက သူတို့ကိုအများကြီး အကျိုးသက်ရောက်စေတာကို မြင်ရ ကြောင်း၊ အထူးသဖြင့် ယောက်ျားလေးတွေ ကြားမှာဖြစ်ကြောင်း၊ အမျိုးသမီးတွေကြားမှာတော့ တီဗွီ ကြော်ငြာတွေက လွှမ်းမိုးနေဆဲပဲလို့ ပြောလို့ရပါကြောင်း၊ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးအတော်များများဟာ လှုပ်ရှား သွားလာတွေနဲ့ပတ်သက်လို့ အကန့်အသတ်၊ အတား အဆီး တွေရှိနေသေးပါကြောင်း၊ သူတို့နဲ့ သက်တူရွယ်တူ ယောက်ျားလေးတွေက အပြင်ကဘီယာ ဆိုင်တို့၊ လက်ဖက်ရည်ဆိုင်တို့မှာ သူငယ်ချင်းတွေနဲ့ ဆက်ဆံပြောဆိုနေ ပြီးတော့ Mobile phone တွေ သုံးနေတဲ့အချိန်မှာ အမျိုးသမီးတွေက အိမ်ပြန်ရောက်နေပါကြောင်း၊ သူတို့နဲ့ တီဗွီထိ တွေ့မှု နှုန်းက များနေတဲ့အတွက် တီဗွီကြော်ငြာတွေက အမျိုးသမီးတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေတယ်လို့ သုံးသပ်လို့ ရပါကြောင်း၊ သူတို့က Online Shops တွေမှာ ရှာ၊ ပြီးတော့ Online ပေါ်မှာ တစ်ခြားသူတွေကို ဘယ်ပစ္စည်းအကြောင်းတွေပြောတယ်၊ ဘယ်တံဆိပ် အကြောင်းတွေ ပြောနေတယ်ဆိုတာကလဲ မြို့နေစားသုံးသူတွေ အထူးသဖြင့် လူငယ်တွေရဲ့ ၀ယ်ယူဖို့ ဆုံးဖြတ်ရာ မှာ ကျေးလက်ထက်စာရင် အများကြီး အကျိုးသက်ရောက်မှုရှိကြောင်း၊ မြို့ပြလူငယ် တွေမှာ ဘာလို့ပိုဖြစ်နေလဲဆိုတာ သူတို့ရဲ့ Internet သုံးစွဲမှုအမူအကျင့်ကလဲ ကျေးလက်က လူတွေထက် တော့ အများကြီးသာနေသေးတာ၊ မြင့်နေသေးတာကို တွေ့ရပါကြောင်း။

ယနေ့ခေတ်မှာ တံဆိပ် တွေအနေနဲ့ Communication Platform ကိုရွေးတဲ့အခါကျရင် Point တစ်ခုထဲကိုသွားလို့ မရပါ ကြောင်း၊ Multi touch point ကို သွားရမှာဖြစ်ကြောင်း၊ အဲဒီလိုသွားမယ်ဆိုရင် ကိုယ်သွားလိုတဲ့ ဉီးတည်အုပ်စုကို စဉ်းစားရမှာ ဖြစ်ကြောင်း၊ သူတို့ရဲ့ မီဒီယာနဲ့ပတ်သက်တဲ့ အသိပညာ၊ အသုံးပြု တဲ့အလေ့အထနဲ့ digital ဆိုင်ရာအသိပညာကို စဉ်းစားရမှာဖြစ်ကြောင်း၊ Digital ဆိုင်ရာ အမူအကျင့်behaviour ကိုပြောပြီး တဲ့အခါမှာ MSR ကနေပြီးတော့ ဒီနှစ်မှာလုပ်ဆောင်ခဲ့တဲ့ Deep Study Research အချို့ကိုလည်း ဒီနေရာမှာ ပြောပြလိုပါကြောင်း၊ ခုနကပြောသလိုပဲ မြန်မာနိုင်ငံ က Young Population ရှိတဲ့ နိုင်ငံဖြစ်ပြီး၊ GenerationZ တွေမှာလဲ ဟိုငယ်ငယ် ဆယ်ကျော်သက် အရွယ်ထဲက Digitally Socialize လုပ်လာကြောင်း၊ ဒီလိုလုပ်ခြင်းဟာသူတို့အတွက် အခွင့်အရေး တွေ အများကြီး ရှိလာကြောင်း၊ သူတို့ဆန္ဒ၊ လိုလားချက်တွေ ပိုပြီးတော့ ကျယ်ပြန့်လာကြောင်း၊ Myanmar Millennials နဲ့ GenZတွေရဲ့ အများစု ၇၂% သောလူငယ်တွေဟာ သူတို့ရဲ့ အနာဂတ် အတွက်တော့ အကောင်းမြင်လာကြောင်း၊ ဒါပေမယ့်တစ်ဖက်ကကြည့်ရင် တစ်ဝက်နီးပါး လောက် က ဉီးတည်ရာမဲ့ နေတယ်လို့ ခံစားရကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ Social media ကို အသုံးပြုနေပြီး၊ အဲဒီမှာမြင်ရတဲ့ လုပ်ငန်းတွေလိုက်မလုပ်နိုင်ရင်၊ အဲဒီမှာရှိတဲ့ ပစ္စည်းတွေ လိုက်မ လုပ်နိုင်ရင် သူတို့ပေါ် Social pressure ကလဲ မြင့်လာနိုင်ကြောင်း၊ Brands တွေအနေနဲ့ မြို့နေလူငယ်တွေရဲ့ လိုအပ်ချက်တွေကို မြင့်တက်အောင်လုပ်သလို စားသုံးသူတွေအနေနဲ့ Digital ကိုပိုမိုသုံးလာတဲ့ အချိန်မှာ John ပြောသွားသလိုပဲ market researcher တွေ၊ young researcher တွေအနေနဲ့လည်း သူတို့ဘက်က နည်းအသစ်တွေသုံးလာဖို့ လိုလာကြောင်း။ Digital စနစ်သုံးတဲ့ research method တွေသုံးဖို့ လိုကြောင်း။ Mobile phoneကိုသုံးပြီး Data ကောက်တာမျိုး လုပ်ဖို့ လိုကြောင်း၊ အမြဲတမ်း ပြောင်းလဲနေတဲ့လမ်းကြောင်းတွေ၊ အကြောင်းအရာသစ်တွေကို သုတေသန ပညာရှင်တွေအနေနဲ့ အမြဲမပြတ်စောင့်ကြည့်ပြီးတော့မှသာ Clientsတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ ရမှာဖြစ်ကြောင်း၊ သူတို့အတွက် အကျိုးရှိမယ့်ဒေတာတွေကို ပြောပြနိုင်မှာ ဖြစ်ပါကြောင်း စသဖြင့် ပြောကြားသွားခဲ့ပါသည်။

ဦးသူရိန်ငြိမ်း (Vice Chairman of Market Research Association-Yangon) မှ နိဂုံးချုပ်မိန့်ခွန်းစကား ပြောကြားပါသည်။

၎င်းက နိဂုံးချုပ်အပိတ်မိန့်ခွန်းစကားပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ စကား ပြောခွင့်ရတဲ့ အတွက် ကျေနပ်တာ ၂ ခု ရှိပါကြောင်း၊ ဆရာဦးအောင်မင်း Closing remark အတွက် အစစအရာရာ ပြင်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ တစ်ခုကတော့ စင်ပေါ် တက်ရင် အများဆုံးကတော့ Presentation လုပ်တာများကြောင်း၊ တာဝန်ရှိတဲ့သူတွေ အနေနဲ့ Remarksပေးတဲ့ အလုပ်ကို လုပ်တာ နည်းပါးကြောင်း။ ဘာကြောင့် ကျေနပ်မှုရှိ လဲဆိုတော့ ကျွန်တော် လွန်ခဲ့တဲ့ အနှစ် ၃၀ နီးပါးမှာ ကျင်လည်တဲ့ပတ်ဝန်းကျင်က တကယ်တမ်း Research ဖြစ်ပါကြောင်း၊ Research အလုပ်ကိုလုပ်ပြီးတော့ Research Association အဖွဲ့မှာပါဝင်ခွင့်ရ တယ်၊ ဒီတစ်နှစ် အတွင်းမှာထဲထဲဝင်ဝင် ပါဝင်ခွင့် ရပြီးတော့ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့ ခံစားချက် ပြောခွင့်ရတာလေးကို ကျေနပ်ပါကြောင်း၊ ကျေးဇူးတင်တယ် လို့လည်း ပြောချင်ပါကြောင်း၊ ပြောရ ရင် ဒီနေ့တက်ရောက်တဲ့ လူဒီလောက်များမယ်လို့မထင်မိပါကြောင်း၊ ပြန်သွားတာ ထက်ဝက် လောက်ရှိတာ တောင်မှအခန်းမှာ ဒီလောက်ကျန်တယ်ဆိုတာဟာ အင်မတန် စိတ်ထဲမှာ ကျေနပ်မိ ပါကြောင်း၊ ဘာလို့လဲဆိုတော့ Industry market size က ခုနက John ပြောသွားသလိုပဲ 18 million US dollars၊ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်က ကျွန်တော်နဲ့ ကိုမိုးကျော်နဲ့ market size ကို တွက်ကြည့်ခဲ့ပါ ကြောင်း။ ဒီအချိန်မှာ ကျွန်တော်တို့ သန်း ၃၀‌ လောက်ရှိမယ်လို့ မှန်းထားခဲ့ကြောင်း၊ သို့ပေမယ့် တိုင်းပြည်ရဲ့ အခြေအနေ၊ Market ရဲ့ အခြေအနေအရ Advertising Industry ရဲ့ တိုးတက်မှုကို ကျွန်တော်တို့ US dollarsသန်း ၂၅၀ နဲ့ ၂၈၀ ကြားမှန်းထားကြောင်း၊ Digital Growth က အများကြီးတက် လာတာ တောင်မှ သန်း ၂၀၀ ပတ်ဝန်းကျင်လောက်ပဲရှိမှာဖြစ်ကြောင်း၊ မူလမှန်းခဲ့တာက သန်း ၃၀ နီးပါး မှန်းခဲ့တယ် ဆိုပေမဲ့ ၁၈သန်းဆိုတာ နှစ်စဉ်နှစ်စဉ် တိုးတက်မှု ရှိတယ်လို့ ပြောလို့ရပါ ကြောင်း၊ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကဆိုရင် 10 Million အောက်ပဲရှိကြောင်း၊ အခု US$ 18 million၊ ဘာပဲဖြစ်ဖြစ် ၅ နှစ်အတွင်းမှာ ၈၀% လောက်တက်လာတယ်လို့ပြောလို့ရကြောင်း။

နောက်တစ်ခုက အသင်းထောင်တဲ့အချိန်မှာ Founding member ၁၂ ဖွဲ့လောက်ပါကြောင်း၊ အဓိကကတော့ ကိုယ့် ကိုယ်ကို အသက်ကြီးတယ်လို့ မထင်သေးပါကြောင်း၊ သို့သော်လည်း Industry size နဲ့ကြည့်မယ် ဆိုရင် ကျွန်တော်က အသက်ကြီးတဲ့အပိုင်း ရောက်လာကြောင်း၊ တကယ်တမ်း Founder တွေထဲမှာ အသက်ကြီးတဲ့သူတွေက အများဆုံးဖြစ်ကြောင်း၊ အသက်ကြီးတယ် ဆိုတာက ၅၀ ကျော်တွေကို ပြောတာ ဖြစ်ကြောင်း၊ ဒီမတိုင်ခင် members တွေက အဓိကထားပြီး ဆွေးနွေးတဲ့အချက်က နံပါတ် (၁) က Industry ရဲ့ Growth ၊ နံပါတ် ၂ က Young researcher တွေရဲ့ Participation၊ အဲ့ဒီပေါ်မှာ အခြေခံပြီး ရှေ့လာမယ့် ၃ နှစ်နဲ့ ရှေ့လာမယ့် ၅ နှစ်မှာ ဘာတွေလုပ်နိုင်မလဲ၊ ကျွန်တော့် အတွက်ပဲ ဖြစ်ဖြစ်၊ လက်ရှိအတွင်းရေးမှူးဖြစ်တဲ့ ဆရာဦးအောင်မင်းပဲ ဖြစ်ဖြစ်၊ ဥက္ကဌဦးမိုးကျော်ပဲ ဖြစ်ဖြစ်၊ ဒုဥက္ကဌအနေနဲ့ တာဝန်ယူဆောင်ရွက်နေတဲ့ ဆရာဦးကျော်လှိုင် အနေနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်သဘောထဲရှိနေတာက Young generation ကို လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ဘယ်လို ပျိုးထောင်ပေးနိုင်မလဲဆိုတာဖြစ်ကြောင်း၊ ကံကောင်းတဲ့အချက်က တစ်နှစ်သားပဲ ရှိတဲ့ Association ကို UMFCCI က ဖိတ်ပြီးတော့ သူတို့ရဲ့ International Organization တစ်ခုနဲ့ ပူးပေါင်းပြီးတော့ 5 years planning ဆွဲတဲ့အချိန်မှာ ကျွန်တော်တို့ကို ဖိတ်တာရှိပါကြောင်း၊ ကျွန်တော်တို့ဘာ အခွင့် အရေး ရလိုက်လဲဆိုတော့ တခြားAssociationတွေ ပြင်ဆင်နေတာနဲ့ အတူတူ ကျွန်တော်တို့ အသင်းကလဲ ဘာတွေပြင်ဆင်သင့်လဲ၊ ဘယ်ဟာကို Target ထားသင့်လဲဆိုတဲ့အထဲမှာ Organization တစ်ခုဖြစ်တဲ့အတွက် Budget တို့၊ ငွေရေးကြေးရေးတို့ ပါတဲ့အပြင်ကို Young generation development ကို အများကြီးစဉ်းစားပြီးတော့ ဆွေး‌နွေးဖြစ်တာ ရှိပါကြောင်း၊ ကျွန်တော်တို့ အသင်းရဲ့ အဖွဲ့ဝင်တွေဟာ တဖြည်းဖြည်းနဲ့တိုးလာအောင်လာမယ့် ၁ နှစ်အတွင်းမှာ အနည်းဆုံး ၃ ဆလောက်တိုးလာအောင် မှန်းထားပါကြောင်း၊ ဘာကြောင့်လဲဆိုတော့ လက်ရှိ Industry size အရ Researcher တွေ၊ Interviewer တွေ အားလုံးပေါင်းရင် တစ်ထောင် မကျော် သေးပေမယ့် သူတို့ကို အဆင့်အလိုက် Training ပေးရင်းနဲ့ ဒီလူတွေကို members ဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားရမှာဖြစ်ကြောင်း၊ ဒါပထမအချက်ဖြစ်ပါကြောင်း၊ ဒီအချက်က ခုနက ကိုမျိုးဝင်းထွန်းလုပ်သွားတဲ့ research polling မှာလဲပါပါကြောင်း။

ဒုတိယ တစ်ချက်က ကျွန်တော်တို့ ဒီနှစ်တစ်နှစ်ထဲမှာပဲ Researcher Training တွေ ကောင်းကောင်းပေးမှာ ဖြစ် ကြောင်း၊ Association တွေထဲမှာပါတဲ့ Member Agency တွေထဲကနေပြီးတော့ Researcher အနည်း ဆုံး ၂၀ဦး ပေါ်ထွက်ဖို့ Target ထားထားပါကြောင်း၊ ၂၀ လို့ပြောရင်၊ အ‌ရေအတွက်အရ ကြည့်ပြီး ပြောမယ်ဆိုရင်များတယ်လို့ ပြောလို့မရပါကြောင်း၊ တစ်နိုင်ငံလုံးမှာAgencyမှ ဖြစ်ဖြစ် မြောက် မြောက် ၁၄ ခုပဲရှိပါကြောင်း၊ Foreign Agency, Local Agency အားလုံးပေါင်းရင်၊ လက်ရှိ Executive and above ကိုကြည့်လိုက်ရင်လဲ ၂၀၀ ကျော်ကျော်ပဲ ရှိပါကြောင်း၊ Organization အနေနဲ့ ၂၀ လို့ ထားထားတာ၊ ၁၀%ထားတာက ဖြစ်ချင်တဲ့ဆန္ဒဟာ ၁၀% ရှိတယ်လို့ ပြောလို့ရပါကြောင်း၊ ဒီထဲမှာ ရှိနေတဲ့ လူငယ် Researcher တွေကလဲ နံပါတ် ၁ အကူအညီတောင်းချင်တာက ဘာလဲဆို တော့ အသင်းမှာပါဝင်ပေးဖို့ဖြစ်ပါကြောင်း၊ နံပါတ် ၂ က ဘာလဲဆိုတော့ ကိုယ့်ရဲ့ရှိတဲ့စွမ်းအားကို အထင် မသေးပါနဲ့ဆိုတဲ့အကြောင်း၊ ကိုယ့်ရဲ့ရှိတဲ့ရှိတဲ့ စွမ်းအားကို ရှိတဲ့အတိုင်းပြနိုင်အောင်ပါဝင်ပေးပါ၊ နောက်တစ်ခုက ကျွန်တော်တို့ဘက်က လိုအပ်လို့ Support လုပ်ရမဲ့အချက်တွေရှိရင်လည်း အားမနာစတမ်းပြောပေးစေလိုကြောင်း၊ ကျွန်တော်တို့ ဒီခန်းမထဲကို အသင်းအနေနဲ့ ရောက်လာတဲ့ အချိန်မှာ နောက်ကွယ်မှာ ဘယ်အေဂျင်စီကို ကိုယ်စားပြုလဲဆိုတာမရှိပါကြောင်း၊ အားလုံးကို ကိုယ်စားပြုဖို့ကြိုးစားမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ စီးပွားရေးတက္ကသိုလ်တွေနဲ့ ကျွန်တော်တို့ လိုက်ပြီးတွေ့ခဲ့ပါကြောင်း၊ Statistics Department တွေရဲ့ အကူအညီယူကာ သူတို့ လိုနေတဲ့ အကူအညီတွေကို ကျွန်တော်တို့ ဘယ်လိုပေးမလဲ ဆိုတာကိုလည်း မေးခဲ့ပါကြောင်း၊ အစိုးရရဲ့ ဌာနဆိုင်ရာတွေဖြစ်တဲ့ DICA၊ CSO၊ ဒီဌာနတွေနဲ့ ကျွန်တော်တို့ လိုက်တွေ့ခဲ့ပါကြောင်း ဒီအခမ်းအနားကို လာရောက်ပေးတဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါကြောင်း၊ အပြန်အလှန် ဆက်ဆံရင်းနဲ့ နောက်တစ်ဆင့် သွားချင်တာက ဒီအေဂျင်စီထဲမှာ တင်မဟုတ်ဘူး၊ Government မှာရော၊ အခြား sector မှာရော တိုးအောင် ဘယ်လိုလုပ်မလဲ ဆိုတာဖြစ်ကြောင်း၊ အခုကျွန်တော်က Agency အကြောင်းပဲပြောပါကြောင်း၊ ကျွန်တော်တို့ Client side မှာဆိုရင် CMI Department တွေ အများကြီးပေါ်လာတယ်၊ Research Teams တွေ ပေါ်လာတယ်၊ ဒီလူတွေကို Individual member တွေဖြစ်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ဖြစ်ကြောင်း၊ လိုအပ်တဲ့ Information တွေကို အသင်းအနေနဲ့ ဘာတွေပေးလို့ရဆိုတာတွေကို ကျွန်တော်တို့ တဖြည်းဖြည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း။

နောင်၅နှစ်မှာ ကျွန်တော်တို့ကို မြင်ရမှာထက် ခုနကPresentation လုပ်သွားတဲ့ မမေမြတ်သူရှိမယ်၊ MSR က Deputy Research Manager ရှိမယ်၊ ဒီလူငယ်တွေက ဒီစင်မြင့်မှာ နေရာယူမှာဖြစ်ပြီး ကျွန်တော်တို့ ဘယ်လို Support လုပ်လို့ ရမလဲဆိုတာဖြစ်ကြောင်း၊ Young Researcher Programme တွေ အများကြီး ဆောင်ရွက် ချင်ပါကြောင်း၊ ဒီနေ့ပွဲမှာ Local တစ်ခုထဲ မဟုတ်ဘဲနဲ့ ESOMAR လာပြီးတော့ ပါဝင်နိုင်အောင် ဖိတ်ပေးတဲ့ Marita ကိုလည်းကျေးဇူး အများကြီးတင်ပါကြောင်း၊ လာပေးတဲ့ John နဲ့ Pravin ကိုလည်းအများကြီး ကျေးဇူးတင်ပါ ကြောင်း၊ ကျွန်တော့်အနေနဲ့ အသင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေနဲ့ ဒီ Research နဲ့ပတ်သက် တာ တစ်ခုထဲမဟုတ်ဘဲနဲ့ အများကြီးရှိတဲ့အခါမှာ Young ဖြစ်သော်လည်း Size အရ သေးသော် လည်း energy ကို တွေ့နေရပါကြောင်း၊ အဲ့ဒီ energy ကို လျှော့မချဘဲနဲ့ ဆက်ပြီးတိုးအောင် လုပ်နိုင်ရင် လာမယ့် ၃ နှစ်အတွင်းမှာ မျှော်မှန်းထားတဲ့ Researcher တွေ အများကြီး ပေါ်လာဖို့၊ member တွေအများကြီးတက်လာဖို့ တစ်နှစ်တစ်ကြိမ်လုပ်တဲ့ Activities AGM အစား Information Sharing လုပ်နိုင်မယ့်စနစ်တွေ၊ ကျွန်တော်တို့ Information Sharing လုပ်နိုင်မယ့် programme တွေ၊ တစ်ခါတိုင်းပြည် ပြင်ပမှရှိနေတဲ့ အိန္ဒိယမှာရှိတဲ့ Event လိုဟာမျိုးတွေ သွားနိုင်မယ့် အဆင့် မျိုး ၃ နှစ်အတွင်း ရောက်အောင် ဒါတွေ ဘယ်လိုလုပ်ကြမလဲဆိုတာ ဝိုင်းစဉ်းစားကြမှဖြစ်ကြောင်း၊ Young researcher programme၊ Young researcher အတွက် သီးသန့် Group ဖြစ်လာအောင် ဘယ်လို Develop လုပ်ပေးမယ်ဆိုတာနဲ့ ကိုယ့်ရဲ့ သက်တူရွယ်တူ၊ ကိုယ်နဲ့ စကားအပြန်အလှန် ပြောနိုင်တဲ့သူတွေ၊ ပိုပြီးတော့စကားပေါက်တဲ့ ပိုပြီးတော့ Communicate လုပ်နိုင်တဲ့သူတွေကို ဆွဲသွင်းခြင်းအားဖြင့် နောင် ၃ နှစ်၊ နောင် ၅ နှစ်မှာ တိုင်းပြည် အတွက်ရော၊ Industry အတွက်ရော မျှော်လင့်နိုင်တဲ့ အကောင်းတွေကို အများကြီး ဖွံ့ဖြိုးနိုင်တဲ့ Association ဖြစ်ပါစေ၊ ဖြစ်ချင်ပါ တယ်လို့ ဆုတောင်းရင်း နိဂုံးချုပ်စကား ပြောကြားပါသည်။

ဈေးကွက်သုတေသနအသင်း (ရန်ကုန်) ၏ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးအခမ်းအနားကို နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ယင်းနေ့တွင်ပင် UMFCCI, 4th Floor Meeting Room တွင်ပင် နေ့လည် ၁:၃၀ အချိန်မှ နေ့လည် ၃:၃၀ အချိန်ထိ “Outlier Insights and Storytelling” ခေါင်းစဉ်ဖြင့် Instructor အဖြစ် Mr. Pravin Shekar (Esomar Representative in India, Past President of the Market Research Society of India) မှ သင်တန်းပို့ချခဲ့သည်။

ဈေးကွက်သုတေသနအသင်း(ရန်ကုန်)၏အထွေထွေနှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သော Presentation pdf file များကို Resources Tab တွင် ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။