Consultation Meeting on Domestic Trade Statistics

ပြည်တွင်း ကုန်သွယ်မှု အချက်အလက် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေး

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုန်သွယ်မှုနှင့် ပတ်သက်သည့် စာရင်းအင်း အချက်အလက်များကို ဗဟို စာရင်းအင်းအဖွဲ့ (CSO) မှ လအလိုက် နှစ်အလိုက် ထုတ်ပြန်ပေးလျက် ရှိပါသည်။ ပြည်တွင်း ကုန်သွယ်မှု အချက်အလက်(Domestic Trade Statistics) မှာမူ ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးသည့် ကာလက ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန က ကောက်ခံပြီး ဗဟိုစာရင်းအင်းအဖွဲ့က Statistical Yearbook များတွင် ထည့်သွင်းထုတ်ပြန်ပေးခဲ့ပါသည်။ သို့ရာတွင် ယင်းစာရင်းများကို နှစ်ပေါင်းများစွာ ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုကြောင့် ဂျာမနီစာရင်းအင်းအဖွဲ့(GIZ) ၏ နည်းပညာပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတွင် ပြန်လည်ကောက်ယူနိုင်ရန်အတွက် ပဏာမအနေဖြင့် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၂) ရက် တွင် နေပြည်တော်ရှိ Royal President Hotel ၌ ကျင်းပခဲ့ပါသည်။

          အဖွင့်မိန့်ခွန်းများ

ဗဟိုစာရင်းအင်းအဖွဲ့ (CSO) ညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က မြန်မာနိုင်ငံ၏ ပြည်တွင်းကုန်သွယ်မှု စာရင်းအင်း အချက်အလက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်တစ်ခုကို GIZ အကူအညီဖြင့် ထူထောင်ရန်ရှိကြောင်း၊ ယင်း Project ကို ၂၀၂၀ ပြည့်နှစ်အထိ ဆောင်ရွက်သွားရန်ရှိကြောင်း၊ ဆိုရှယ်လစ် စီးပွားရေးစနစ်အတွင်းက နိုင်ငံပိုင်လုပ်ငန်း အများအပြားရှိ၍ အချက်အလက်ကောက်ယူနိုင်ခဲ့သော်လည်း ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးချိန်တွင် ပုဂ္ဂလိကကဏ္ဍက ပိုမိုကြီးမားကျုယ်ပြန့်လာသည်နှင့်အမျှ အချက်အလက်ကောက်ခံရန် မလွယ်ကူတော့ကြောင်း၊ ယခုအစည်းအဝေးတွင် ဌာနဆိုင်ရာများမှ မည်သည့်အချက်အလက်များ ပံ့ပိုးနေသည်၊ မည်သည့် အချက်အလက်များ ထပ်မံရနိုင်သည်ကို သိလိုကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ အချက်အလက်ကောက်ယူရန် Survey သို့မဟုတ် Census များဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်း အဖွင့်အမှာစကား ပြောကြား ပါသည်။ GIZ မှ Head of Project Ms. Jasmin ကလည်း အချက်အလက် ကောက်ယူရာတွင် စာရင်းအင်းဥပဒေကို အသုံးချနိုင်ကြကြောင်း၊ MSDP ၏ Goal 3 နှင့် ချိတ်ဆက်၍ စာရင်းအင်း အချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိပါက National Account အတွက် ကောင်းစွာ တွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ Administration data များ ရနိုင်က ကုန်ကျစရိတ် သက်သာစွာနှင့် ရနိုင် ထုတ်ပြန်နိုင်မှာဖြစ်ကြောင်း၊ လိုအပ်သည့် အချက်များ အတွက် Survey Method, Remote sensing method များနှင့် ဆောင်ရွက်နိုင်ရန် GIZ က နည်းပညာ အကူအညီပေးမည်ဖြစ်ကြောင်း တင်ပြပါသည်။

တင်ပြချက်များ

          ယင်းနောက်အောက်ပါ တင်ပြချက်သုံးခုကို ဆွေးနွေးကြပါသည်-

(က) CSO မှ ညွှန်မှူး ဒေါ်ချိုချိုမြင့်က Myanmar Domestic Trade Statistics during Socialist era

(ခ) CESD မှ ဒေါ်ငုဝါက Relevance of Domestic Trade Statistics

(ဂ) GIZ မှ Mr. Tony Dickinson က International Practice an Domestic Trade  Statistics

အုပ်စုလိုက်ဆွေးနွေးခြင်း

          ထို့နောက် တက်ရောက်လာသူများသည် အောက်ပါအုပ်စုသုံးခုခွဲ၍ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက် အကျဉ်းကို ပြန်လည်တင်ပြခဲ့ကြပါသည်-

(က) အုပ်စု(၁)- Available information on Enterprise

(ခ) အုပ်စု(၂)- Logistics and Flow of Commodities

(ဂ) အုပ်စု(၃)- Selected Commodities Producer

ယင်းနောက် ညွှန်ချုပ် ဦးစန်းမြင့်က နိဂုံးချုပ် မိန့်ခွန်းပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ဈေးကွက်သုတေသနအသင်း အတွင်းရေးမှူး ဦးအောင်မင်း(MMRD) နှင့် ဗဟိုအမှုဆောင် ဒေါက်တာစံထွန်းအောင်(MSR) တို့ တက်ရောက်ခဲ့ကြပါသည်။