ဈေးကွက်သုတေသန အသင်း၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးကြီးတွင် ဈေးကွက်သုတေသန အသင်းနှင့် ESOMAR World Research တို့ Declaration of Adoption of the ICC/ ESOMAR International Code ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
International Chamber of Commerce (ICC) သည် နိုင်ငံပေါင်း ၁၃၀ ကျော်တွင် အဖွဲ့ဝင်ပေါင်း ၆.၅ သန်းကျော်နှင့် ချိတ်ဆက်ထားသည့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအဖွဲ့အစည်း ဖြစ်ပါသည်။ ESOMAR သည်လည်း နိုင်ငံပေါင်း ၁၃၀ ကျော်မှ သုတေသန ပညာရှင် ၄၉၀၀ ကျော်နှင့် ကုမ္ပဏီပေါင်း ၅၀၀ ကျော်ကို ကိုယ်စားပြုကာ သုတေသန နည်းလမ်းများ လုပ်ထုံးလုပ်နည်းများကို ဖြန့်ဝေပေးနေသည့် အဖွဲ့ကြီး ဖြစ်ပါသည်။
International Code of Conducts တွင် အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ အခြေခံ သဘောတရားများ၊ စည်းမျဉ်းများ၊ မေးမြန်းခံရသူ (Respondents) များအပေါ် ထားရှိရမည့် တာဝန် ဝတ္တရားများ၊ အလုပ်အပ်သူ (Clients) များအပေါ် ထားရှိရမည့် ဝတ္တရားများ၊ အများပြည်သူများအပေါ် ထားရှိရမည့် ဝတ္တရားများနှင့် သုတေ သန ပညာရှင်များ၏ ဝတ္တရားများကို အသေးစိတ် ဖော်ပြထားပါသည်။ မြန်မာနိုင်ငံရှိ အသင်းဝင် သုတေသန အေဂျင်စီများနှင့် တစ်ဦးချင်း အသင်းဝင်များသည် Code of Conduct အင်္ဂလိပ်ဘာသာမူရင်းနှင့် မြန်မာ ဘာသာ ပြန်ဆိုချက်ကို Resources Tab တွင် Download ရယူလေ့လာကြပါရန်နှင့် လိုက်နာကြပါရန် တိုက်တွန်း အပ်ပါသည်။
ဈေးကွက်သုတေသနအသင်း(ရန်ကုန်)