Master Class: Outlier Insights and Storytelling

ဈေးကွက်သုတေသနအသင်း (ရန်ကုန်) ၏ ပထမအကြိမ်နှစ်ပတ်လည် အထွေထွေအစည်းအဝေးအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် UMFCCI ၌အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး နေ့လည် ၁ နာရီတွင် Master Class အား ဆက်လက်ပို့ချခဲ့ပါသည်။

“Outlier Insights and Storytelling” အမည်ရှိ Master Class အား ESOMAR World Research ၏ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Mr. Pravin Shekar မှ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး ယင်း Master Class အား Organization အသီးသီးမှ Executive များ၊ Manager များ၊ Senior Manager များနှင့် Director များ (၃၄) ဦးခန့် တက်ရောက်သင်ကြားခဲ့ကြပါသည်။

Master Class အားပို့ချရာတွင် Mr. Pravin မှ ဈေးကွက်သုတေသနဆိုင်ရာ အကြောင်းအရာများအား အိန္ဒိယနိုင်ငံမှ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းတိုများ၊ ပုံပြင်များဖြင့် ဥပမာပေးသင်ကြားခဲ့ပြီး လေ့ကျင့်ခန်းများ၊ ဂိမ်းများကိုလည်း သင်တန်းတက်ရောက်သူများမှ ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆော့ကစားခဲ့ကြပါသည်။

သင်တန်းပြီးဆုံး၍ သင်တန်းတက်ရောက်သူများအား Master Class တက်ရောက်၍ ရရှိသည့် အတွေ့အကြုံများ နှင့် ခံစားချက်များအား လိုက်လံမေးမြန်းခဲ့ရာ အများစုသည် Mr. Pravin ၏ သင်ကြားမှုပုံစံအား နှစ်ခြိုက် သဘောကျကြောင်း၊ သမားရိုးကျတွေးခေါ်ခြင်းထက် သူများနှင့်မတူသည့် တွေးခေါ်မှုများထားရှိရမည်ကို သိရှိသွားသည့်အတွက် အတွေ့အကြုံများစွာရကြောင်း ပြန်လည်ဖြေကြားခဲ့ကြပြီး Master Class သင်တန်းသည် နေ့လည် ၃ နာရီခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

Mr. Pravin ၏ သင်ကြားချက်အပြည့်အစုံပါဝင်သော PDF file အား Resources Tab တွင် ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။