ဒုတိယအကြိမ်အဖြစ်ကျင်းပပြုလုပ်သော National Stakeholders’ Consultation ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပြီး
ဈေးကွက်သုတေသနအသင်း၏ အတွင်းရေးမှူး ဦးအောင်မင်း၊ အသင်းဝင် ဉီးညီမင်းခန့်နှင့် MSR ကုမ္ပဏီမှ Research Manager ဉီးအေးစိုးတို့တက်ရောက်၍ Trade Information Sector (ကုန်သွယ်မှုသတင်းအချက်အလက်ကဏ္ဍ) တွင်ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး ပထမနေ့တွင် International Trade Centre (နိုင်ငံတကာ ကုန်သွယ်ရေး ဗဟိုဌာန)မှ ကျွမ်းကျင်သူများ ဖြစ်သော Mr. Samer Altaher နှင့် Ms. Olga Khomula တို့မှ Trade Information Service Matrix (ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကွန်ရက်များ) Trade Information Service Model (Global Perspectives & Best Practices) (ကမ္ဘာ့အမြင်နှင့် ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုတို့ ပါဝင်သည့် ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုသရုပ်ပြပုံစံ) စသည်တို့အား တင်ပြဆွေးနွေး ခဲ့ကြပါသည်။
အစည်းအဝေး ဒုတိယနေ့တွင် ITC မှ ကျွမ်းကျင်သူများနှင့် အစည်းအဝေး တက်ရောက်သော ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်း၍ National Export Strategy (2015-19) (အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၁၅-၁၉) မှ Strategic Objectives များအား ပြန်လည်သုံးသပ်ခြင်း၊ NES (2020-25) အတွက် Action Plan များရေးဆွဲခြင်း စသည်တို့အား ပြုလုပ်၍ အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြပါသည်။